MUM 2014 မိတ်ဆက်ပွဲ

Miss Universe Myanmar Organization ၏ လုပ်ငန်းအစီအစဉ်များနှင့် Organization နှင့်အတူ လှုပ်ရှားမှုများ ဆောင်ရွက်လျှက်ရှိသော အလှမယ်များ၏ လတ်တလော ဆောင်ရွက်နေမှုများအား လေးစားစွာဖြင့် အသိပေး တင်ပြအပ်ပါသည်။

Miss Universe Myanmar 2013 လှုပ်ရှားမှုများ

Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ကိုယ်ပိုင်ပရဟိတလုပ်ငန်းအဖြစ် ဆယ်တန်း ကျောင်းသား(၃) ယောက်ကို ပြင်ဦးလွင်မြို့တွင် တာဝန်ယူကျောင်းထားပေးထားပြီး အခြား လူမှုရေးလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာ
ဆောင်ရွက်လျှက်ရှိပါသည်။ လတ်တလော အနုပညာလှုပ်ရှားမှုများအဖြစ် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော Bangkok Airways ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး Brand Ambassador အဖြစ် ဆောင်ရွက်လျှက်ရှိသည့်အပြင် Mistine
Powder Puff ကြော်ငြာ၊ စိန်နန်းတော် Diamond & Fine Jewellery ကြော်ငြာ၊ အလုံဆိပ်ကမ်းကြော်ငြာ၊ Life Cosmetic ကြော်ငြာ၊ Ve Ve ကြော်ငြာနှင့် Amazing City TV Program တို့ကို ရိုက်ကူးထားပြီး Ponds Cosmetic ၏ Promotor အဖြစ်လည်း  ဆောင်ရွက်လျှက်ရှိပါသည်။ ဆက်လက်၍ အခြား လူမှုရေး ပရဟိတ လုပ်ငန်းအသစ်တစ်ခုအား ဆောင်ရွက်သွား ရန်အတွက် စီစဉ်လျှက်ရှိပါသည်။

Miss Universe Myanmar 2013 ၏ First Runner Up ဆုရှင် အေးချမ်းမိုးသည် လတ်တလော အနုပညာ လှုပ်ရှားမှုများအဖြစ် အင်းဝဘဏ်ကြော်ငြာ၊ Tri Star Tyre ကြော်ငြာတို့ကို လက်ခံရိုက်ကူးထားပြီး ပရဟိတ လုပ်ငန်းများအပြင် အခမ်းအနားမှုး အဖြစ် ဆောင်ရွက်ခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။

Miss Universe Myanmar 2013 ၏ Second Runner Up ဆုရှင် မြတ်နှင်းဖြူသည် Ooredoo Company တွင် အလုပ်ဝင်လျှက်ရှိပြီး အားလပ်ချိန်များ၌ Organization နဲ့အတူ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်း၊ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခြင်းနှင့် အခမ်းအနားမှုးအဖြစ် ဆောင်ရွက်ခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။

Miss Universe Myanmar 2014 လှုပ်ရှားမှုများ

Miss Universe Myanmar 2014 ဆုရှင် သျှားထွဋ်အိန္ဒြာသည် လူမှုရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများအပြင် ဇန်န၀ါရီ (၂၅)ရက်နေ့တွင် Miami ကမ်းခြေတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိပါသည်။ သျှားသည် အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် ၀တ်ဆင်မည့် National Costume ကို ဒီဇိုင်နာ မပုံ့မှ ဖန်တီးပေးထားပြီး ညနေခင်းဝတ်စုံများကို ဒီဇိုင်နာပြည်စိုးအောင်မှ တာဝန်ယူ ချုပ်လုပ်ပေးထားသည်အပြင် ပြိုင်ပွဲ ကာလတစ်လျှောက် ၀တ်ဆင်မည့် ၀တ်စုံများကို ဒီဇိုင်နာငြိမ်းကိုမှ တာဝန်ယူ ချုပ်လုပ်ပေးထားပါသည်။

Miss Universe Myanmar 2014 First Runner Up ဆုရှင် ယွန်းမှီမှီကျော်သည် ပရဟိတလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျှက်ရှိပြီး အနုပညာလှုပ်ရှားမှုအဖြစ် အလုံဆိပ်ကမ်းကြော်ငြာတွင် ပါဝင်ရိုက်ကူးထားပြီး အခြား အနုပညာ လုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက် ရှိပါသည်။

Miss Universe Myanmar 2014 Second Runner Up ဆုရရှိထားသူ ရွှေစင်ကိုကိုသည် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး အနုပညာလှုပ်ရှားမှုအဖြစ် အလုံဆိပ်ကမ်းကြော်ငြာအား ရိုက်ကူးထားပါသည်။

Miss Universe Myanmar 2015 လှုပ်ရှားမှုများ

Miss Universe Myanmar 2015 ကြိုတင်ပြင်ဆင်မှုများအဖြစ် City Director များ ခန့်အပ်ထားရာ မန္တလေးမြို့အတွက် ကိုယ်စားပြုအလှမယ်အား ရွေးချယ်ရန် ဦးရော်နီငြိမ်းမှလည်းကောင်း၊ ပြင်ဦးလွင်မြို့အတွက် ဦးစိုးမြင့် (Feel Restaurant) မှလည်းကောင်း၊ မြိတ်မြို့အတွက် မိတ်ကပ်ကိုဘိတ်မှ လည်းကောင်း၊ Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် ဟေဇယ်မှ ပဲခူးမြို့အတွက်လည်းကောင်း၊Miss Universe Myanmar 2014 Top 20 Finalist ညီမငယ် သော်ရီကျော်မှ မုံရွာမြို့အတွက် လည်းကောင်း အသီးသီး ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အခြားမြို့များအတွက် City Director များအဖြစ် တာဝန်ယူဆောင်ရွက်လိုသူများအနေဖြင့်လည်း Miss Universe Myanmar Organization နဲ့ ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

City Director များ ၄င်းတို့၏ ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့များတွင် ပြိုင်ပွဲများကို ၂၀၁၅ ခုနှစ်၊ မတ်လခန့်မှ စတင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ကိုယ်စားပြုအလှမယ်များအနေဖြင့် Miss Universe Myanmar 2015 Top 20 Finalist သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ Miss Univere Myanmar 2015 ပြိုင်ပွဲကြီးအား ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
Miss Universe Myanmar Organization