Thanks Letter for MUM 2019 Supporters

အမေရိကန်နိုင်ငံ၊ Geogia ပြည်နယ်၊ Atlanta မြို့တွင် (၆၉) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သော Miss Universe 2019 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဆွေဇင်ထက်မှ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါသည်။ ထိုကဲ့သို့ အဆင်ပြေချောမွေ့စွာ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါသော ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြအပ်ပါသည်။

ပထမဦးစွာ ပြိုင်ပွဲကြီးအတွက် အရေးပါသော ညနေခင်းဝတ်စုံ၊ Camp ကာလအတွင်း ဝတ်ဆင်ရမည့် ဝတ်စုံများနှင့် Designer Made Luxury Swimsuit တို့အား အကောင်းဆုံးဖန်တီးချုပ်လုပ် ဆင်မြန်းပေးပါသော ဒီဇိုင်နာ ကိုမင်းသက်စံ (Sweet & Smart) နှင့် အဖွဲ့သားများ၊ ပြိုင်ပွဲဝင်ကာလတစ်လျှောက်နှင့် Official Photo Shooting များတွင် Stylish အဖြစ် ကူညီဆောင်ရွက်ပေးပါသော Ko Patrick Hseng၊ မြန်မာနိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့အလယ်တွင် အကောင်းဆုံးပုံဖော်ပြသနိုင်ရန်အတွက် လယ်တောသူမလေးရဲ့ ကောက်ရိတ်သိမ်းချိန်အမည်ရှိ အမျိုးသားဝတ်စုံအား တီထွင်ဖန်တီးမှုများဖြင့် အားသွန်ခွန်စိုက် ချုပ်လုပ်ပေးပါသော ဒီဇိုင်နာ ကိုပြည့်စုံ (Hpa-An)၊ အမျိုးသားဝတ်စုံဖန်တီးချုပ်လုပ်ရာတွင် အကြံဥာဏ်ကောင်းများဖြင့် ကူညီပေးပါသော ဒီဇိုင်နာ လဇိန်ဂမ်ထွဲ၊ ပြိုင်ပွဲကာလတစ်လျှောက် ဝတ်ဆင်နိုင်ရန် ဝတ်စုံများကို အားဖြည့်ပံ့ပိုးကူညီပေးပါသော ဒီဇိုင်နာ Khoon၊ ဒီဇိုင်နာ Sai Minn Zhan နှင့် ဒီဇိုင်နာ Win Ko၊ Official Photoshoot များအတွက် မိတ်ကပ်နှင့်ဆံပင်အား ပြင်ဆင်ခြယ်သပေးပါသော မိတ်ကပ် ဒီဇင်ဘာနှင်း၊ မိတ်ကပ် မေဦး၊ မိတ်ကပ် သော်သော်မြင့်မိုရ်၊ မိတ်ကပ် NK အောင်ရှ၊ အမျိုးသမီးတစ်ယောက်အတွက် သဘာဝအတိုင်းယုံကြည်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရန်အတွက် ပံ့ပိုးပေးပါသော MOTIVA Myanmar နှင့် Global Aesthetics၊ မျက်နှာနှင့်အသားအရည် ထိန်းသိမ်းမှုများအတွက် ပံ့ပိုးကူညီပေးပါသော The Queen Aesthetics၊ ကျန်းမာရေးအတွက် စောင့်ရှောက်ကူညီပံ့ပိုးပေးကြပါသော Bumrungrad International Hospital၊ Y.I.M Services နှင့် Vitalife Wellness Center၊ Yangon-Atlanta အထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန် Official Airline Sponsor များအဖြစ် ပံ့ပိုးကူညီပေးပါသော MAI လေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်း၊ Official Crown Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့သော Forever Gems by Shwe Nann Taw၊ Official Auto Mobile Partner အဖြစ် ပံ့ပိုးကူညီပေးပါသော GAC Motor၊ ရိုက်ကူးရေးများအတွက် Venue Sponsor အဖြစ် ပံ့ပိုးကူညီပေးပါသော Novotel Hotel (Yangon Max)၊ ဓါတ်ပုံနှင့် Video ရိုက်ကူးရေးများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါသော ဓါတ်ပုံ ကိုအောင်ဇော် (Love Space) နှင့် ကိုညီညီလှဘော်၊ ဓါတ်ပုံ Phyo Minn Zaw (Paparazzi)၊ Sai Sai Aikuu၊ DJ Photography၊ Ko Zayar Htun၊ Intro Video များအား ရိုက်ကူးပုံဖော်ပေးပါသော We Media မှ အဖွဲ့သားများ၊ Idea Online News Channel နှင့် Idea Magazine၊ သတင်းဆောင်းပါးများအား ဖော်ပြပေးပါသော နိုင်ငံတကာအလှမယ် Website များဖြစ်သည့် Missosology နှင့် Global Beauties၊ သတင်းများအား ရေးသားဖော်ပြပေးကြပါသော ပြည်တွင်း/ပြည်ပမှ မီဒီယာများ၊ ချစ်ခင်စွာဖြင့် တခဲနက်အားပေးကြပါသော မိဘပြည်သူများ၊ အနုပညာရှင်များနှင့် We Love အဖွဲ့သားများ၊ ပြည်တွင်း၌ကျင်းပခဲ့သည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် ပံ့ပိုးကူညီပေးခဲ့ကြသည့် Sponsor Company ကြီးများနှင့် လုပ်ငန်းရှင်ကြီးများ၊ ပြိုင်ပွဲနှင့်ဆက်စပ်သည့် လိုအပ်သည်များအား ပြင်ဆင်ကူညီ ဆောင်ရွက်ပေးပါသော ကိုစိုင်း (Sai Dale Bright) နှင့် ကိုအောင်ပိုင်ဦးတို့အား မယ်စကြဝဠာမြန်မာ ၂၀၁၉ ဆွေဇင်ထက်နှင့်အတူ Miss Universe Myanmar Organization မှ ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။