မီဒီယာများအား ဖိတ်ကြားခြင်း

Philippines နိုင်ငံ၊ Mall of Asia Arena, Pasay, Metro Manila တွင် ကျင်းပပြုလုပ်မည့် (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲသို့ ကြည့်ရှုရန်နှင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် Training များပြုလုပ်ရန်အတွက် Miss Universe Myanmar National Director ဒေါ်စိုးယုဝေနှင့်အတူ Miss Universe Myanmar 2017 ဇွန်သံဇဉ်၊ Miss Grand Myanmar 2017 ရွှေအိမ်စည်၊ Miss Universe Myanmar 2017 (2nd Runner Up) ဆုရှင် ဂျာဒင်ကိုင်တို့သည် ၂၁-၁-၂၀၁၇၊ စနေနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပါသောကြောင့် မီဒီယာမိတ်ဆွေများ ကြွရောက်သတင်းယူပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ လာရောက်သတင်းယူမည့် မီဒီယာမိတ်ဆွေများအနေဖြင့် လေဆိပ်သို့ နံနက်(၇း၃၀) နာရီအရောက် လာရောက်ပေးပါရန်။