အားကစားအဖွဲ့ သို့ အားကစားအဖွဲ့ သို့ အလှူငွေပေးအပ်ပွဲအလှူငွေပေးအပ်ပွဲ

Miss Universe Myanmar Foundaiton ၏ ဒုတိယအကြိမ် လှုပ်ရှားမှုဖြစ်သည့် အလှူငွေပေး အပ်ပွဲသည် မြန်မာနိုင်ငံ အလေးမ၊ ကာယဗလ၊ ကာယအလှ အားကစားနည်း ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်၏ နာယက ဒေါ်စိုးယုဝေမှ Miss Univers Myanmar Foundation နှင့်အတူ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အလေးမ အားကစားသမားများနှင့် အုပ်ချုပ်သူများ၊ ကာယဗလအားကစားသမားများနှင့် အုပ်ချူပ်သူများ  စုစုစုေုပေါင်းး (၂၆)ဦးအား တစ်ဦး လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် လှူဒါန်းငွေ ပေးအပ်ခြင်းဖြစ်ပါသည်။

အလှူငွေပေးအပ်ပွဲသို့  Miss Universe Myanmar Foundation အဖွဲ့ဝင်များဖြစ်သော Miss Universe Myanmar 2013 1st Runner အေးချမ်းမိုး၊ Miss Universe Myanmar 2013 Top Ten Finalist သက်ထား၊ Miss Universe Myanmar 2013 Top 20 Finalist မေရှဲ၊ ရွှေသွန်းအိမ်တို့မှ Miss Universe Myanmar Foundation နှင့်အတူ လိုက်ပါအားပေးခြင်းဖြစ်ပါသည်။ Miss Universe Myanmar 2013 မိုးစက်ဝိုင်မှာ ပြည်ပခရီးစဉ်နှင့် တိုက်ဆိုင်နေသောကြောင့် ယနေ့အခမ်းအနားသို့ လိုက်ပါနိုင်ခြင်း မရှိပဲ Miss Universe Myanmar Foundation ၏ ရှေ့ဆက်ဆောင်ရွက်မည့် လူမှုရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ အလှူငွေ ပေးအပ်ရခြင်းမှာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများ အောင်မြင်စွာယှဉ်ပြိုင်နိုင်ရေးအတွက် Miss Universe Myanmar Foundation အနေဖြင့် တတ်အားသရွေ့ ပံ့ပိုးလှူဒါန်းရခြင်း ဖြစ်ပါသည်။ ယခုအလှူငွေပေးအပ်ပွဲတွင် သတင်းကောင်းတစ်ရပ်အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်မည့် Miss Coffee International 2014 ပြိုင်ပွဲ၏ ဖိတ်ကြားချက်အရ Miss Universe Myanmar 2013 Top Ten Finalist သက်ထားအား Miss Universe Myanmar Organizaiton မှ စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။