လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၆၇) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် နှင်းသွေးယုအောင်သည် နိုဝင်ဘာလ ၂၉ ရက်နေ့  ညနေ ၃း၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airline ဖြင့် ထွက်ခွာမည်ဖြစ်ပါသောကြောင့် စာနယ်ဇင်းမီဒီယာအသီးသီးမှ တာဝန်ရှိသူများနှင့် ပရိတ်သတ်များအား လာရောက်တွေ့ဆုံ မေးမြန်းအားပေးနိုင်ပါကြောင်း ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂၉.၁၁.၁၈ (ကြာသပတေးနေ့)
အချိန် - နေ့လည် ၂း၃၀
နေရာ - Terminal 1 (ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)

Miss Universe Myanmar ရုံးခန်းမှ လိုက်ပါလိုသူများအနေဖြင့် ဖုန်း 09 776617757 သို့ စာရင်းပေးသွင်းနိုင်ပြီး အောက်ဖော်ပြပါလိပ်စာသို့ နေ့လည် ၁း၃၀ ကြွရောက်ပေးနိုင်ပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

• Miss Universe Myanmar Organization •
တိုက် A-3-1, အခန်း (604)
မြန်မာ့ဂုဏ်ရည်အိမ်ယာ
အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်
မင်္ဂလာတောင်ညွန့်မြို့နယ်။