မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ပုံငွေမြှင့်တင်ရေး

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ပုံငွေမြှင့်တင်ရေး လှုပ်ရှားမှုအတွက် လေးစားစွာဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှုတွင် မယ်စကြာဝဠာမြန်မာ ၂ဝ၁၇ ဆန်ခါတင်အလှမယ် ၂၆ ဦးမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးအနေနဲ့ ပြည်တွင်းမှာ အလှုငွေ ကောက်ခံပွဲမျိုး ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပဲ နိုင်ငံတကာနှင့် စေတနာရှင်များမှ လှုဒါန်းသည့်အလှုငွေများဖြင့်သာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအခြေအနေအရ ရာသီဥတု သဘာဝဘေးအန္တာရာယ်ဒဏ် ခံရသောဒေသများ၊ စစ်ဘေးရှောင်ပြည်သူများ၊ အရေးပေါ်အခြေအနေများနှင့် အခြားလိုအပ်သည့် ပုံမှန် ကူညီမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းတွင်လည်း ရန်ပုံငွေကောက်ခံစုဆောင်းသွားရန် စီစဉ်လျှက်ရှိပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလှုငွေကောက်ခံသည့်ရက်အား သတ်မှတ်ကောက်ခံပြီး လိုအပ်သည့် အခြားနိုင်ငံများသို့ ပြန်လည်မျှဝေလှုဒါန်းပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်မှစတင်ကာ ကမ္ဘာ့ကြက်ခြေနီနေ့ မေလ ၈ ရက်နေ့မတိုင်ခင် မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ အလှုငွေကောက်ခံမည့်ရက်များအဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များဖြစ်သော မယ်စကြာဝဠာမြန်မာ ၂ဝ၁၇ ဆန်ခါတင်အလှမယ် ၂၆ ဦးမှ မိမိတို့ကိုယ်စားပြုထားသောမြို့များ၏ သံတမန် များအဖြစ် သတ်မှတ်ရက်များအတွင်း လိုက်လံကောက်ခံသွားရန် စီစဉ်လျှက်ရှိပါသောကြောင့် အလှမယ်များမှ ကြိုတင်ပြင်ဆင်ထားရန်နှိုးဆော်လိုက်ပါတယ်။

စေတနာရှင်များ၏အလှုငွေများအား လိုက်လံစုဆောင်းကောက်ခံသွားမည့်အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရာသက်ပန် အသင်းဝင်များကိုလည်း စည်းရုံးလှုံ့ဆော် စုဆောင်းသွားမှာဖြစ်လို့ စာရင်းပေးသွင်းနိုင်ကြပါတယ်။ ရာသက်ပန်အသင်းဝင်ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်သိန်း သတ်မှတ်ထားပြီး ခွဲပြီးတော့လည်းပေးသွင်းနိုင်ပါတယ်။ ရာသက်ပန်အသင်းဝင်ကြေးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပုံသေမတည်အလှုငွေအဖြစ်ထားရှိပြီး ဆင့်ပွားရရှိမည့်အတိုးဝင်ငွေကို တစ်နိုင်ငံလုံးရှိလိုအပ်သည့်နေရာများ ဘေးအန္တရာယ်ခံစားနေရသူများ အရေးပေါ်အခြေအနေများတွင် လှုဒါန်းသွားမှာဖြစ်တဲ့အတွက် တစ်ကြိမ်အသင်းဝင်ထားခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှုဒါန်းမှုများ၊ ကူညီကယ်ဆယ်စောင့်ရှောက်မှုများ ပြုလုပ်သည့်အခါတိုင်း အလှုရှင်များ၊ အသင်းသားများ အနေဖြင့် မိမိတို့ပါဝင်လှုဒါန်းမှုများအဖြစ် ကြည်နူးပီတိ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

မယ်စကြာဝဠာမြန်မာအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရာသက်ပန်အသင်းဝင်အဖြစ် ပထမဦးစွာ ဝင်ရောက်ပေးကြတဲ့ အောက်ဖော်ပြပါ အသင်းဝင်များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။

ထပ်မံပြီးတော့ လှုဒါန်းပါဝင်ပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

(၁) ဗိုလ်ချုပ်ကြီးလှဌေးဝင်း(ငြိမ်း)
(၂) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်(ငြိမ်း)
(၃) ဗိုလ်မှုးကြီးမျိုးမြင့်(ငြိမ်း)
MD- ဗန္ဓုလသယ်ယူပို့ဆောင်ရေး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
(၄)ဗိုလ်မှုးကြီးလှဝင်း(ငြိမ်း)
GM-မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
(၅)ဦးမောင်မောင်ဆန်း
ဌာနမှုး-ရာဖြတ်(နေပြည်တော်စည်ပင်သာယာရေးကော်မတီ)
(၆)ဦးရဲမြင့်
ရဟတ်ယာဉ်မှုး-Htoo Group of Companies
(၇)ဒေါ်တင်တင်လတ်( ဒုဥက္ကဌ-မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်)