(၇) ကြိမ်မြောက် Miss Universe Myanmar စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား

လေးစားအပ်ပါသော စာနယ်ဇင်းမီဒီယာအသီးသီးမှ ဆရာ/ဆရာမ များ ခင်ဗျား

(၇)ကြိမ်မြောက် ကျင်းပမည့် မယ်စင်္ကြာဝဠာမြန်မာ ပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးအား ၂၀၁၉ ခုနှစ်၊ မေလ(၃၁) ရက်နေ့တွင် Novotel Hotel Grand Ballroom ၌ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မယ်စင်္ကြာဝဠာမြန်မာ ပြိုင်ပွဲဝင်များ၏ လူမှုရေးခရီးစဉ်များ၊ လှုပ်ရှားမှုများ၊ အကြိုပြိုင်ပွဲများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား မေလ (၇)ရက်နေ့မှ စတင်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခုနှစ်ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် လူမှုရေးခရီးစဉ်များအား တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ သဘာဝအလှအပနေရာများနှင့် တိုင်းရင်းသားလူမျိုးစုများထံသို့ သွားရောက်လေ့လာ လည်ပတ်သွားမည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ကော့သောင်းမြို့ သဌေးကျွန်းရှိ Grand Andaman Hotel & Resort တွင် ပြိုင်ပွဲဝင်များ၏ Talent Show နှင့် Swimsuit Presentation များအား ပြုလုပ်သွားမည်ဖြစ်ပြီး ထားဝယ်မြို့ရှိ ပုလဲဧကရီဟိုတယ်တွင် ဒေသခံများနှင့်ပူးပေါင်းကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ နှစ်စဉ်ကျင်းပသော အကြိုပြိုင်ပွဲတစ်ခုဖြစ်သည့် အမျိုးသားဝတ်စုံပြိုင်ပွဲအား ရန်ကုန်မြို့ရှိ Gandamar Grand Ballroom ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

(၇)ကြိမ်မြောက်ပြုလုပ်သည့် မယ်စင်္ကြာဝဠာမြန်မာပြိုင်ပွဲကြီးတွင် Platinum Sponsor အဖြစ် မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်၊ Gold Sponsor အဖြစ် Royal Sportertainment Complex, Official Crown Sponsor အဖြစ် Forever Gems By Shwe Nan Taw, Official Auto Mobile Partner အဖြစ် GAC Motor, Venue Partner အဖြစ် Novotel Hotels & Resorts, Medical Partner အဖြစ် Bumrungrad International Hospital, Activities Trip Partner အဖြစ် Grand Andaman Hotel & Resorts နှင့် ပုလဲဧကရီဟိုတယ်၊ Silver Sponsor များအဖြစ် Gandamar Grand Ballroom, Bsc Cosmetology, Bsc Streamline, Bsc Shoes, Official Broadcasting Partner အဖြစ် MRTV Entertainment, Official Online Media Partner အဖြစ် Myanmar Celebrity, Outdoor Advertising Media Partner အဖြစ် Myanmar Media 7, Official Photographer များအဖြစ် Studio D Invictus နှင့် Kingsman Photo Club, IT Provider အဖြစ် New Wave Technology, Dress Sponsor အဖြစ် BKK Silk & Lace, မိတ်ကပ်  ဆံပင်ပြင်ဆင်မှုများအတွက် NK Aung Sha နှင့်အဖွဲ့တို့မှ ပံ့ပိုးဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး လေ့ကျင့်မှုများ အတွက် Super Stars Model Agency မှ ဦးချိုကြီးနှင့် မမေစံပယ်၊ ပြိုင်ပွဲတင်ဆက်မှုများအတွက် ထိုင်းနိုင်ငံမှ Creative Dance Studio တို့မှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၇)ကြိမ်မြောက်ကျင်းပမည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် မြို့ကြီးများမှ ကိုယ်စား ပြုအလှမယ် (၂၇)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ Miss Universe Myanmar ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး Miss Universe Myanmar 2013 အဖြစ် အလှမယ် မိုးစက်ဝိုင်၊  Miss Universe Myanmar 2014 အဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာ၊ Miss Universe Myanmar 2015 အဖြစ် အလှမယ် မေဘရဏီသော်၊ Miss Universe Myanmar 2016 အဖြစ် အလှမယ် ထက်ထက်ထွန်း၊ Miss Universe Myanmar 2017 အဖြစ် အလှမယ် ဇွန်သံစဉ်၊ Miss Universe Myanmar 2018 အဖြစ် အလှမယ် နှင်းသွေးယုအောင် တို့မှ Miss Universe ပြိုင်ပွဲကြီးသို့ နိုင်ငံကိုယ်စားပြုအလှမယ်များအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ်မှစ၍ Miss Universe Myanmar Organization မှ Miss Universe, Miss Grand International, Miss Intercontinental, Face Of Beauty, World Bauty Queen နှင့် Miss United Continents စသည့် ကမ္ဘာ့အဆင့် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များ စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ အလှမယ် မြင့်မိုရ်မေမှ Face Of Beauty International Winner ဆု၊ အလှမယ် နန်းမွေဖောင်းလုံမှ Miss Ultra V နှင့် Top 20 Finalist, အလှမယ် Roslynn မှ Miss Popularity, Miss Aura Award နှင့် Top 13 Finalist အဖြစ် အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် မယ်စင်္ကြာဝဠာ ပြိုင်ပွဲကြီးသို့ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၁ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ထပ်မံသွားရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ပဲ ၂၀၁၃ ခုနှစ်တွင် Hello Madam Media Group နှင့် Miss Universe Myanmar Organization တို့၏ ကြိုးစားဆောင်ရွက်မှုဖြင့် အလှမယ် မိုးစက်ဝိုင်မှ တဖန်ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လေးစားစွာဖြင့်
Miss Universe Myanmar Organization

Check more photos » More Photos