(၈)ကြိမ်မြောက် မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီး၏ Online Live Show အခမ်းအနားကြီး

(၈)ကြိမ်မြောက် မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီး၏ Online Live Show အခမ်းအနားကြီးအား  (30-12-2020) ရက်နေ့တွင် Novotel Hotel Yangon Max Grand Ballroom ၌ ပြုလုပ်ပြီး Channel Me ရုပ်သံလိုင်း၊ Channel ME Facebook Page၊ Miss Universe Myanmar Facebook Page၊ Mytel Myanmar Facebook Page နှင့် MyID App(FREE DATA) တို့မှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကြီးတွင် Miss Universe Myanmar 2020 Winner အဖြစ် ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် မှ ရရှိခဲ့ပြီး 1st Runner Up အဖြစ် မြ၀တီမြို့ကိုယ်စားပြုအလှမယ် ဟန်လေး ၊ 2nd Runner Up အဖြစ် မြစ်ကြီးနားမြို့ကိုယ်စားပြုအလှမယ်  မေသဇင်ဦး၊ 3rd Runner Up အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြုအလှမယ်  ရေချယ်၊ 4th Runner Up အဖြစ် ပုသိမ်မြို့ကိုယ်စားပြု အလှမယ် မြစန်းသီတာ၊ 5th Runner Up အဖြစ် ဗန်းမော်မြို့ကိုယ်စားပြုအလှမယ် နော်ခရစ္စတင်း တို့မှအသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကြီးတွင် Bsc Cosmetology မှချီးမြှင့်သော ‘’Miss Healthy Skin By Bsc’’ Title Award အား ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် ၊ DSC Dental Specialist Clinic & Dental Imaging Center မှချီးမြှင့်သော ‘’Miss Beautiful Smile’’ Title Award အား မြ၀တီမြို့ကိုယ်စားပြုအလှမယ် ဟန်လေး၊ GAC Motor မှချီးမြှင့်သော ‘’Miss Photogenic Title Award အား ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် ၊ HBT Co.,Ltd မှချီးမြှင့်သော ‘’Miss Dentiste’’ Title Award အား ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် နှင့် Alvaasce’ Myanmar မှချီးမြှင့်သော “Best In Evening Gown’’ Title Award တို့အား ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။

ယခုနှစ် Miss Universe Myanmar ပြိုင်ပွဲကြီးအတွက် ကိုယ်စားပြုအလှမယ်များအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း(၄၁)မြို့တွင် ကျင်းပရွေးချယ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲဝင်အချို့မှာယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် မြို့ပေါင်း(၃၅)မြို့မှ ကိုယ်စားပြုအလှမယ်များ ၀င်‌ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့သည့် မယ်စကြာဝဠာ မြန်မာ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ယခုနှစ်သည် COVID-19 အခြေအနေများကြောင့် ပရိသတ်များ ပါဝင်နိုင်ခြင်းမရှိပဲ Online Show အဖြစ်သာ ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

(၈) ကြိမ်မြောက် မယ်စကြာဝဠာမြန်မာ ပြိုင်ပွဲကြီးတွင် ပံ့ပိုးကူညီပေးခဲ့ကြပါသော Sponsor Company ကြီးများ၊ အဘက်ဘက်မှပံ့ပိုးကူညီ​ပေးခဲ့ကြပါသော အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် အကဲဖြတ်အမှတ်ပေးခဲ့ကြပါသော အကဲဖြတ်ဒိုင်လူကြီးမင်းများအား Miss Universe Myanmar မိသားစုမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုက်ရပါတယ်။
Miss Universe Myanmar Organization