Activities of MUM 2014

Miss Universe Myanmar 2014  သျှားထွဋ်အိန္ဒြာသည် (၂၇.၇.၂၀၁၄) မှ (၁၄.၈.၂၀၁၄) အထိ မဂ္ဂဇင်းနှင့် ဂျာနယ် မျက်နှာဖုံးနှင့် ရုပ်သံအစီအစဉ် စုစုပေါင်း (၁၄)ခုအား ဆောင်ရွက်ထားပြီး မီဒီယာများ၏ အင်တာဗျူး အမေးအဖြေများကို ပြုလုပ်ခဲ့ပါသည်။ ယခုအခါ (၁၅.၈.၂၀၁၄)မှ (၂၃.၈.၂၀၁၄)အထိ ဖိလစ်ပိုင်နိုင်ငံတွင် Miss Universe 2014  ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိပါသည်။ (၂၄.၈.၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပြီး စီးပွားရေးကြော်ငြာများရိုက်ကူးရန် ပြင်ဆင်လျက်ရှိပါသည်။ (၃.၉.၂၀၁၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် Miss Universe Myanmar 2013 First Runner Up အေးချမ်းမိုးနှင့်အတူ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး (၄.၉.၂၀၁၄) ရက်နေ့တွင် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ (၂)ပတ်ကြာ သွားရောက်မည် ဖြစ်ပါသည်။

ထို့အပြင် Miss Universe Myanmar 2013 မိုးစက်ဝိုင် နှင့် အတူ Miss Universe Myanmar 2014 First Runner Up ယွန်းမှီမှီကျော်၊ Miss Universe Myanmar 2014 Second Runner Up ရွှေစင်ကိုကို တို့မှ အလုံဆိပ်ကမ်းအတွက် တီဗွီကြော်ငြာအား (၁၆.၈.၂၀၁၄) ရက်နေ့တွင် ရိုက်ကူးသွားမည် ဖြစ်ပါသည်။

• Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၏ မီဒီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု • 

1. MNTV Talk Show
2. ASEAN SUMMIT Billboard
3. MRTV-4 Talk Show
4. Mandalay FM Live to အသံလွှင့်အစီအစဉ်
5. Chilli Magazine မျက်နှာဖုံး
6. Paradise Online Magazine မျက်နှာဖုံး
7. Fashion Image Magazine မျက်နှာဖုံး
8. Health Digest Journal မျက်နှာဖုံး
9. People Magazine မင်္ဂလာဝတ်စုံကဏ္ဍ
10. VOA နှင့် အင်တာဗျူး
11. Perfect Magazine မျက်နှာဖုံး
12. Halo Magazine မျက်နှာဖုံး
13. Focus Online Magazine မျက်နှာဖုံး
14. Now Magazine မျက်နှာဖုံး