Announcemence for National Costume Competiiton

(25-5-2019) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မယ်စကြာဝဠာမြန်မာ 2019 အလှမယ်များ၏ အမျိုးသားဝတ်စုံပြိုင်ပွဲ (National Costume Competition) အား ခမ်းနားစွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသောကြောင့် သတင်းမီဒီယာအသီးသီးအား တက်ရောက်သတင်းယူ ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

National Costume ပြိုင်ပွဲကြီးတွင် အောက်ပါဆုနှစ်ဆုအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
၁။ The Best National Costume Award (ဒိုင်လူကြီးများမှ ရွေးချယ်သောဆု)
၂။ People Choice Award (ပရိသတ်များမှ မဲပေးရွေးချယ်သောဆု)

နေရာဒေသအသီးသီးက ပြိုင်ပွဲဝင်တွေရဲ့ မတူညီတဲ့ အကြောင်းအရာတွေကိုအခြေပြုပြီး ဆန်းသစ်တီထွင်ချုပ် လုပ်ထားတဲ့ဝတ်စုံတွေကို တစ်နေရာတည်းမှာ တစ်ပြိုင်နက်တည်း ခံစားကြည့်ရှု့ခွင့်ရမှာဖြစ်ပါတယ်။ အခုနှစ်မှာ အထူးအစီအစဉ်အဖြစ် ပြိုင်ပွဲဝင်ဝတ်စုံများထဲမှ အကောင်းဆုံးဝတ်စုံ (၅) စုံအား အကဲဖြတ်ဒိုင်များမှရွေးချယ်ပေးသွားမှာဖြစ်ပြီး အဆိုပါဝတ်စုံ (၅) စုံမှ အကောင်းဆုံး အမျိုးသားဝတ်စုံဆု The Best National Costume ဆုကို ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ အကောင်းဆုံး ဆန်ခါတင် အဖြစ်ရွေးချယ်ခံရတဲ့ ဝတ်စုံ (၅) စုံကို ၇ ကြိမ်မြောက် မယ်စင်္ကြာဝဠာမြန်မာပြိုင်ပွဲမှ နောက်ဆုံးဆန်ခါတင် ၅ ဦးစာရင်းတွင် ပါဝင်သည့်အလှမယ်များ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်သည့်အခါတွင် National Costume အဖြစ် ဂုဏ်ယူစွာဖြင့် ယူဆောင်ကာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယခင်နှစ်များကဲ့သို့ National Costume Competition တွင် ကြွရောက်လာသည့် ဧည်သည်တော်များမှ မိမိကြိုက်နှစ်သက်သည့် ဝတ်စုံများကို ပွဲကြည့်လက်မှတ်ဖြင့် မဲပေးရွေးချယ်သော Popular Choice Award ကိုလည်းချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပွဲလက်မှတ်များအား - တိုက် A-3-1, အခန်း 604, 6 လွှာ၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်း 01-392099၊ 09776617757၊ 09776617767 တို့သို့ ဆက်သွယ်မေးမြန်း ၀ယ်ယူနိုင်ပါသည်။

ပြိုင်ပွဲကျင်းပမည့်ရက် - (25-5-2019)
ပြိုင်ပွဲကျင်းပမည့်အချိန် - ညနေ (5း00)နာရီ
ပြိုင်ပွဲကျင်းပမည့်နေရာ - Gandamar Grand Ballroom