Announcement (17 July, 2017)

(၆) ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြို့ကြီးများမှ ကိုယ်စားပြုအလှမယ် (၃၁) ဦးကို ရွေးချယ်ပြီး ဖြစ်ပါသည်။ ယခုနှစ်အတွက် မြို့ကြီးကိုယ်စားပြုအလှမယ်များကို ရွေးချယ်ရန် စုစုပေါင်း (၃၂)မြို့ စာရင်းပေးသွင်းထားပြီး ဇွန်လကုန်နောက်ဆုံးထား၍ ရွေးချယ်သွားရန် ညွှန်ကြားထားသော်လည်း ရန်ကုန် (အရှေ့ပိုင်းခရိုင်) ကိုယ်စားပြု အလှမယ်ရွေးချယ်သည့် ပြိုင်ပွဲကို အခြေအနေအကြောင်းကြောင်းကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းကို သက်ဆိုင်ရာ City Director မှ ဇွန်လ (၁၂) ရက်နေ့တွင် မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းသို့ တင်ပြခဲ့ပါသည်။