City Director List 2015

Miss Universe Myanmar Organization  မှ ကြီးမှူးကျင်းပမည့် Miss Universe Myanmar 2015 တွင် မြို့ကြီးများမှ ကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တာဝန်ယူဆောက်ရွက်လိုသည့် City Director များအား အဆိုပြုသည့်မြို့များအလိုက် ခန့်အပ်ခဲ့ရာ ၂၀၁၅ ခုနှစ်အတွက် (၁၄) ဦးခန့်အပ်ပြီးဖြစ်ပါသည်။ မိမိတို့တာဝန် ယူထားသည့် မြို့ကြီးများအတွက် ပြိုင်ပွဲစီစဉ်မှုများအားလုံးကို City Director များမှ စီစဉ်ကျင်းပကြခြင်းဖြစ်ပါသည်။

မြို့ကြီးများမှကိုယ်စားပြုအလှမယ် (၁၄)ဦးသည် MUM 2015 ဆန်ခါတင်(၂၀)ဦးစာရင်းတွင် တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး လိုအပ်သည့်ပြိုင်ပွဲဝင်များကို တစ်နိုင်ငံလုံးမှ လျှောက်ထားသည့် ရန်ကုန်လျှောက်လွှာများမှရွေးချယ်သွားမည်ဖြစ်ပါသည်။ မြို့ကြီးများမှ ပြိုင်ပွဲများကိုသြဂုတ်လလယ်တွင် အပြီးသတ်ပြုလုပ်ရမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ သြဂုတ်လ (၂၈) က်နေ့နောက်ဆုံး ထားပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။

ယခုအခါမြို့ကြီး (၄)မြို့တွင်ပြိုင်ပွဲများပြုလုပ်ပြီးဖြစ်ပြီး မန္တလေးမြို့အတွက်တာဝန်ယူဆောင်ရွက်သည့် ဦးရော်နီငြိမ်း (ယခင် Hello Madam Media Group မှ Chief Corporative Operator) အပါအဝင် MUM Org နှင့် ပူးပေါင်းဆောင်ရွက်ကြသော City Director များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြိုင်ပွဲပြုလုပ်မည့် မြို့ကြီးများဧ။် အချက်အလက်များနှင့် တစ်ကွ မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။