Info for Full Rehearsal

Miss Universe Myanmar 2014 ဆန်ခါတင်အယောက်(၂၀)၏ ပြိုင်ပွဲအကြို အစမ်းလေ့ကျင့်မှုများကို (၂၅.၆.၂၀၁၄) ရက်နေ့ ညနေ ၅း၃၀ တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ လေ့ကျင့်မှု ပြုလုပ်နေပုံများကို အများပြည်သူသို့ ချိုသာသော ဈေးနှုန်းဖြင့် လက်မှတ်များ ရောင်းချသွား မည်ဖြစ်ပါသည်။ ရောင်းရငွေများကို ကချင်ပြည်နယ်ရှိ ယာယီစစ်ဘေးရှောင် စခန်းများနှင့် လူမှုရေး အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ Miss Universe Myanmar 2014 ဆန်ခါတင်များအားလုံး အတူတကွရှိနေချိန်တွင် ရံပုံငွေ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်သည့် အနုပညာရှင်များမှလည်း မေတ္တာဖြင့် အားဖြည့် တင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။

Miss Universe ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အခြားနိုင်ငံများတွင် ယခုကဲ့သို့ပြုလုပ်သည့် အလေ့အထများရှိပြီး Miss Universe ပြိုင်ပွဲတွင်လည်း အလားတူ ဆောင်ရွက်ကာ လိုအပ်နေသည့် လူမှုရေးအဖွဲ့ အစည်းများသို့ လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။

Miss Universe Myanmar Organization