Merry Chirstmas From Zun Than Sin & Kembangan - UHC

Kembangan-UHC (Kembangan Management Limited) မှ Miss Universe Myanmar 2017 အလှမယ် ဇွန်သံဇဉ်အား Kembangan-UHC ၏ Brand Ambassador အဖြစ် ၂၃-၁၂-၂၀၁၆ ရက်နေ့တွင် ခန့်အပ်သည့် အခမ်းအနားပြုလုပ်ခဲ့ပါသည်။

Kembangan-UHC ဆေးရုံမှ ၂၃-၁၂-၂၀၁၆ ရက်နေ့တွင် Corporate Social Responsibility အစီအစဉ်အရ ရောဂါကုသရန် ငွေကြေးအခက်အခဲရှိသူများအား တစ်နေ့တာမေတ္တာဖြင့် အခမဲ့ ကုသပေးသည့် အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် လာရောက်ကုသမှုခံယူကြသည့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနမှ ကလေးငယ်များ၊ ရန်ကင်းမယ်သီလရှင်ကျောင်းမှ သီလရှင်များ၊ မိုးကုတ်ဝိပဿနာကျောင်းမှ အဖိုးအဖွားများနှင့် တောင်ဥက္ကလာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်များအား Kembangan-UHC ၏ Brand Ambassador အလှမယ် ဇွန်သံဇဉ်မှ အားပေးစကားပြောကြားခြင်း၊ ခရစ္စမတ်သီချင်းသီဆိုခြင်းများအား ဆေးရုံမှ ဆရာ၊ ဆရာမများ၊ စေတနာရှင်များနှင့်အတူ ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ပါသည်။