Miss Universe Mandalay 2015 Top 20 Finalistစာနယ်ဇင်းမိတ်ဆက် ပွဲအခမ်းအနား

Miss Universe Mandalay 2015 ဆန်ခါတင် ၂၀ဦး နှင့် ဆုရှိသူအားချီးမြင့်မည့် သရဖူတို့အား စာနယ်ဇင်းများနှင့်မိတ်ဆက်မည့်အခမ်းအနားကို ယနေ့ မေလ ၁၅ရက် မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာရှိ သာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Miss Universe Mandalay 2015 အလှမယ်အား ချီးမြင့်မည့် ကျပ် ၂၅သိန်းတန် သရဖူကို ဝိန်စိန်အဆင့်မြင့် စိန်ရတနာရွှေဆိုင်မှ ကူညီပံ့ပိုးပေးပါသည်။