Miss Universe Myanmar 2015 ပြိုင်ပွဲပြုလုပ်မည့် အစီအစဉ်

Miss Universe Myanmar 2015 ပြိုင်ပွဲကြီးအား ယခုနှစ်တွင် ပိုမိုခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ တောင်ကြီး၊ မြိတ် မြို့များမှ ကိုယ်စားပြုအလှမယ်များသည် Miss Universe Myanmar 2015 ပြိုင်ပွဲ၏ ဆန်ခါတင်အယောက်(၂၀)စာရင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့အပြင် အဆိုပါမြို့ကြီးများမှ ဆန်ခါတင်အလှမယ်များအနေဖြင့် မိမိတို့၏မြို့ကြီးများတွင် ပြိုင်ပွဲပြီးဆုံးချိန်တွင် ရန်ကုန်မြို့တွင် ရွေးချယ်မည့် ဆန်ခါတင်စာရင်းသို့ ထပ်မံဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။ ယခုနှစ်တွင် National Costume (အမျိုးသားဝတ်စုံဖြင့်ယှဉ်ပြိုင်ခြင်းနှင့် အမှတ်တရပစ္စည်းများလေလံတင်ရောင်းချခြင်းပွဲ) ကိုလည်းသီးခြားထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို သြဂုတ်လ (၂၅)၇က်နေ့နောက်ဆုံးထား၍ Miss Universe Myanmar Organizatin သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ လူတွေ့စစ်ဆေးခြင်း၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းနှင့် မိတ်ဆက်ပွဲပြုလုပ်ခြင်းနှင့် လူမှုရေးလှုပ်ရှားမှုဆောင်ရွက်ခြင်းများအား စက်တင်ဘာလတွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ အစမ်းလေ့ကျင့်မှုများနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးအား အောက်တိုဘာလ(၃)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။