Miss Universe's Smile Train Program

Miss Universe Organization ရဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်တွေနဲ့ လူနာ တွေကို အခမဲ့ ခွဲစိတ်ကုသ ပေးနေတဲ့ Smile Train အစီအစဉ်လေးမှာ Miss Univere Myanmar Organization မှ ပင်လုံဆေးရုံ, New Look New Life အဖွဲ့တို့နဲ့ အတူ Official Partner အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါ သည်။

ယနေ့တွင် အလှမယ် မေဘရဏီသော်, သျှားထွဠ်အိန္ဒြာ, ထက်ထက်ထွန်း, အေးချမ်းမိုး, ဟန်လေး, ပိုးကြာဖြူခင်နှင့် ခြူးနဒီခင် တို့မှ ခွဲစိတ်ထား သောလူနာများနှင့် ကလေးငယ်များအား သွားရောက်အားပေးခဲ့ကြပါသည်။

ခွဲစိတ်ပြီးတဲ့ကလေးလေးတွေနဲ့ ခွဲဖို့စောင့်နေတဲ့ကလေးလေး အားလုံးချစ်ဖို့ကောင်းတယ် စေတနာဖြင့်ခွဲစိတ်ပေးကြတဲ့ ဆရာဝန် ကြီးများ, ပင်လုံဆေးရုံနဲ့ Smile Train ကိုကျေးဇူးတင်ပါသည်။

More Photos » https://www.facebook.com/missuniversemm/posts/840445672749255