MUM 2015 - National Costume

မြန်မာနိုင်ငံကိုယ်စားပြု MISS UNIVERSE 2015 မေဘရဏီသော် Las Vegas မှာသွားရောက်ယှဉ်ပြိုင်မယ့် National Costume ပါ။ မြန်မာတိုင်းရင်းသားထဲမှ ချစ်စရာကောင်းပြီး မြန်မာနိုင်ငံရဲ့ လူမျိုးစုဖြစ်သော ကယန်းလူမျိုလူမျိုးဧ။်ရိုးရာဝတ်စုံကို ကမ္ဘာကသိအောင်ပြသလိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဗျာ။
ရိုးရာလဲမပျက် ပိုမိုခမ်းနားအောင်တီထွင်ဖန်တီးပေးထားတာပါ။ ပါဝင်သေားပစ္စည်းတွေကို ကြေးထည်၊ကျောက်စိမ်း ၊မြန်မာနိုင်ငံပြေပုံ့လေးများစီရီထိုးထားသော အပေါ်အကျီ၊ရွေစစ်ချထားသော ဘင်ဂျို ၊ရွေစီးကွင့်လေးတွေနဲ့ တီထွင်ထုံးဖွဲ့ထားသော ဆံထုံးနှင့်ဆံပင်
အားလုံးကို အနုစိတ် လက်မှူ့ပညာများနှင့်သာ တီထွင်ပေးထားပါတယ်။

ခေါင်းမှာပန်မယ့် ဆံထိုးနှင့်ပန်းကို ကျောက်စိမ်းနဲ့ မဟူရာ တွဲဖက်တီထွင်ပေးထားပါတယ်။ မြန်မာ တိုင်းရင်းသား တို့ ရဲ့ရိုးရာဝတ်စုံကို ရိုးရာမူမပျက်တီထွင်ဖန်တီး ပေးထားတာပါ။ ကြေးအစစ်နဲ့ တီထွင်ထားလို့ ဝတ်စုံအရမ်းလေးပေမယ့် အားတင်းပြီးမြန်မာ့ဂုဏ်မညှိုးနွှမ်းအောင် သွားရောက်ယှဉ်ပြိုင်မယ့် ညီမလေးမေဘရဏီသော်ကို လဲအားပေးကြပါလို့ မျော်လင့်ပါတယ်။ တီထွင်နေတုန်းရလာတဲ့ အတွေ့အကြုံကတော့ ကယန်းလူမျိုးတွေအရမ်းခမ်းနားစွာနေထိုင်မှု့ကိုလေးစားမိပါတယ်။ပိုလဲ ချစ်သွားမိပါတယ်။ ကျွန်တော့တီထွင်ကြိုးစားမှူ့ကိုလဲအားပေးလိမ့်မယ်လို့ မျော်လင့် ပါတယ် ။
Message from : Sweet & Smart Fashion Collection