MUM 2017 Crown

• ချစ်ခင်လေးစားရပါသော Pageant Fan များ သို့ အသိပေးပန်ကြားခြင်း •

Miss Universe Myanmar Organization 2017 ပြိုင်ပွဲကြီးတွင် Miss Universe Myanmar 2017 Winner, First Runner Up နှင့် Second Runner Up များကို ရွေးချယ်သွားမည်ဖြစ်ပြီး First Runner Up ရရှိသူအနေဖြင့် Miss Grand International 2017 သို့သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ယခုပြုလုပ်မည့်ပြိုင်ပွဲမှာ Miss Universe Myanmar Title ဖြင့်ပြုလုပ်သည့်ပြိုင်ပွဲဖြစ်ခြင်း, MGI ၏ သဘောတူစာချုပ်တွင် National Pageant ၏ Runner up ကိုစေလွှတ်ယှဉ်ပြိုင်ခွင့်ရှိခြင်း စသည့် အချက်များကြောင့် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပချိန်တွင် First Runner Up သည် MGI ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု ကြေငြာပေးသွားမည်ဖြစ်ပါကြောင်း ချစ်ခင်စွာဖြင့် အသိပေးအပ်ပါသည်။