MUM 2019 Activities & Charity

Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူမ၏ဖခင်တာဝန်ထမ်းဆောင်ရာ တပ်မတော်မှမိသားစုဝင်များနှင့်အတူ ဂုဏ်ပြုညစာစားပွဲအား နေပြည်တော်တွင် ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ သူမ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ကရင်ပြည်နယ် ဘားအံမြို့သို့သွားရောက်ကာဒေသမှတာဝန်ရှိကြီးမင်းများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲကာလအတွင်းပံ့ပိုးကူညီပေးကြသော ပညာရှင်များ၊ ပရိတ်သတ်များနှင့်အတူဂုဏ်ပြု ညစာစားပွဲကျင်းပခဲ့ပါသည်။ နောက်တစ်နေ့တွင် ဘားအံမြို့အနီး ဇာသပြင်ကျေးရွာရှိ စာသင်ကျောင်းသို့သွားရောက်ကာ ကျောင်းသားကျောင်းသူကလေးငယ်များအတွက် လိုအပ်သောစာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။