MUM 2019 - Thank you for Activities Trip

Miss Universe Myanmar 2019 ပြိုင်ပွဲဝင်အလှမယ်များ၏ လူမှုရေးခရီးစဉ်အဖြစ် ထားဝယ်၊ ကော့သောင်း၊ ရနောင်း၊ မြိတ်မြို့များသို့သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ထားဝယ်မြို့ မောင်းမကန်ကမ်းခြေတွင် ညအိပ်ရပ်နားပြီး ထားဝယ်မြို့ပေါ်တွင်
လေ့လာလည်ပတ်ခဲ့ကြပြီး Fashion Show ပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး ကော့သောင်းမြို့ သူဌေးကျွန်းရှိ Grand Andaman Hotel သို့သွားရောက်ပြီး Zip Line စီးခြင်း၊ Adventure trip ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့ပြီး Talents Show, Swimsuit Presentation, National Gifts Auction များပြုလုပ်ခဲ့ကြပါသည်။ သူဌေးကျွန်းမှတစ်ဆင့် ညောင်ဦးဖီးကျွန်းသို့သွားရောက်ပြီး ပင်လယ်ရေအောက် သဘာဝအလှအပများကြည့်ရှု့ ခြင်းနှင့် အလှဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

သူဌေးကျွန်းမှမပြန်မီထိုင်းနိုင်ငံရနောင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိကာ Victoria Clift Hotel တွင် ခေတ္တရပ်နားပြီး မြိတ်မြို့သို့ဆက်လက်ထွက်ခွာခဲ့ပါသည်။ မြိတ် မြို့တွင် ကျွန်းဘုရင်လေးကျွန်းသို့သွားရောက်လည်
ပတ်ခဲ့ပြီး လေးကျွန်းအနီးရှိ ပင်လယ်ပျော် ဆလုံလူမျိုးများနေထိုင်ရာ ပရောဝ ရွာသို့သွားရောက်ကာ ကလေးငယ်များအတွက် ကစားစရာများနှင့် မုန့်များသွားရောက်ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။

ထားဝယ် - ကော့သောင်း - ရနောင်း - မြိတ်ခရီးစဉ်များ အကောင်အထည်ပေါ်ဖြစ်မြောက်ရေး အတွက်အဓိက ပံ့ပိုးကူညီပေးပါသော ကော့သောင်းမြို့ သူဌေးကျွန်းရှိ Grand Andaman Hotel မှ ဥက္ကဌ၊ MD၊ GM ၊ Grand Andaman မှ တာဝန်ရှိသူများနှင့်အဖွဲ့သားများ၊ အားဖြည့်ကူညီပေးကြပါသော ကော့သောင်းမြို့မှ Victoria Clift Hotel၊ ထားဝယ် မောင်းမကန် ကမ်းခြေမှ Maungmakan Beach Resort၊ ထားဝယ်မြို့မှ ပုလဲဧကရီဟိုတယ်၊ မြိတ်မြို့ မှ Green Eyes Hotel နှင့် ကျွန်းဘုရင်လေးကျွန်းမှ Blue Ocean Stars Co.,Ltd၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း တနင်္သရီဇုန်နှင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း မြိတ် ဇုန် တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ထို့အပြင်ခရီးစဉ်တစ်လျှောက် စေတနာထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ပေးကြသော အောက်ဖော်ပြပါ လုပ်ငန်းများအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။

၁၁ ရက်တာခရီးစဉ်အား အချိန်နှင့်တစ်ပြေးညီလုံခြုံ စိတ်ချဘေးကင်းစွာပို့ဆောင်ပေးပါသော ကံထူးရှင် ကားအငှား ဝန်ဆောင်မှုလုပ်ငန်းကိုလည်း ကျေးဇူးတင်ရှိပါသည်။

  • ရွှေနှင်းဆီစားသောက်ဆိုင်(မြိတ်၊ ထားဝယ်၊ ကော့သောင်း)
  • Feel Resturant Kyeik Hto
  • Dawei Beauty Hotel
  • Golden Guest Hotel
  • Garden Hotel
  • PeTi Guest House
  • Shwe Moung Than Hotel
  • Royal Dawei Hotel
  • New Power Hotel
  • Diamond Crown Hotel
  • ပညာဥယျာဉ်ကိုယ်ပိုင်အထက်တန်းကျောင်း
  • Bamboo Garden Resturant
  • Hotel Dawei
  • Zayar Htet San Hotel
  • Thahaya Resturant
  • DDPC

Photo By Studio D Invictus
Location - Nyaung Oo Phee Island