MUM Fan Club အဖွဲ့ဝင်များအား ဖိတ်ခေါ်ခြင်း

Miss Universe Myanmar ပရိသတ်များနှင့် ၀ါသနာရှင်များအား မှတ်တမ်းတင်စုစည်းလိုသည့် ရည်ရွယ်ချက်ဖြင့် Miss Universe Myanmar Fan Club အား ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ Miss Universe Myanmar Fan Club အဖွဲ့ဝင်များအနေဖြင့် အသင်းဝင်လစဉ်ကြေး တစ်လလျှင် ၁၀၀၀ိ/- ကျပ်နှုန်းဖြင့် တစ်နှစ်စာအတွက် စုစုပေါင်း ကျပ် ၁၂၀၀၀ိ/- ထည့်ဝင်သွားရမည်ဖြစ်ပါသည်။ MUM Fan Club အဖွဲ့ဝင်များအား တစ်မြို့ချင်းစီအတွက် ဦးဆောင်စုစည်း ပေးမည့်သူ တစ်ဦးမှ တာဝန်ခံစုစည်းပေးရမည်ဖြစ်ပြီး အဖွဲ့ဝင်များအတွက် ပြန်လည်ပေးအပ်သည့် ပစ္စည်းများကို အဆိုပါ တာဝန်ခံမှ ပြန်လည် ဝေငှပေးရမည် ဖြစ်ပါသည်။ MUM Fan Club သို့ ၀င်ရောက်သည့်အဖွဲ့ဝင်များအား အောက်ဖော်ပြပါ အမှတ်တရပစ္စည်းများ ပြန်လည် ပေးအပ်သွားမည်ဖြစ်ပါသည်။

1. MUM Fan Club အမှတ်တံဆိပ်ပါ T-Shirt (1) ထည်
2. Miss Universe Myanmar စလွယ် (1) ခု
3. Miss Universe Myanmar 2013,2014,2015 ပြိုင်ပွဲခွေ (3) ခွေ
4. Miss Universe Myanmar Official Book (1) အုပ်
5. MUM Fan Club အသင်းဝင် လည်ဆွဲကဒ် (1) ခု

MUM Fan Club အဖွဲ့ဝင်များအား အလျဉ်းသင့်သလို အလှမယ်များနှင့် တွေ့ဆုံခြင်း၊ ပွဲကြည့်လက်မှတ်များ မဲဖောက်ပေးခြင်း၊ အလှမယ်များနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နိုင်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ MUM Fan Club များမှထည့်ဝင်သော အသင်းဝင်ကြေးများကို အလှမယ်များ၏ လူမှုရေးလုပ်ငန်းများတွင် ထည့်ဝင် လှူဒါန်းပေး သွားမည် ဖြစ်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အသင်းဝင်ရန်
အသင်းဝင်လိုသူများအနေဖြင့် Name, NRC No./ID No., Address, Email Address, Facebook Account, Phone No., T-Shirt Size အချက်အလက်အလက်များကို ဖုန်းဖြင့်သော်လည်းကောင်း၊ ဖုန်း Message ဖြင့်သော်လည်းကောင်း ပေးပို့ပြီး အသင်းဝင်နိုင်ပါသည်။

• အသင်းဝင်ကြေး ပေးသွင်းရန် •
KBZ MPU Account Name : Daw Thein Yu Wai
Account No : 999 307 999 10834401
*** လွှဲပို့ပြီးပါက Viber No: 09788242080 သို့ ငွေပေးသွင်းပြီးကြောင်း ဘောက်ချာ ပြန်လည်ပေးပို့ပေးပါရန်။

ဆက်သွယ်ရန် -
Miss Universe Myanmar Fan Club
Ph: 01-393102, 392099, 098601854, 09421001028