Miss Universe Myanmar 2015 ပြိုင်ပွဲကြီးတွင် ပူးပေါင်းပါဝင်လိုသည့် Sponsor Company ကြီးများနှင့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်း

Miss Universe Myanmar မှ ကျင်းပပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲကြီးတွင် ပူးပေါင်းပါဝင်လိုသည့် Sponsor Company ကြီးများနှင့် လုပ်ငန်းရှင်များမှ အသေးစိတ် သိရှိလိုသည်များကို အောက်ဖော်ပြပါ Miss Universe Myanmar Organization ၏ ဖုန်းနံပါတ်များတွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ယခုနှစ်တွင် Miss Universe Myanmar ပြိုင်ပွဲကြီးအား ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး အကြိုရွေးချယ်မှုများအဖြစ် မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ပဲခူးနှင့် မြိတ်မြို့များ တွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် Miss Universe Myanmar ပြိုင်ပွဲအတွေ့အကြုံများ၊  Miss Universe Myanmar Organization ၏ လှုပ်ရှားမှုများကို HELLO MISS UNIVERSE ! TV အစီအစဉ်အဖြစ် အပတ်စဉ် ကြာသာပတေးနေ့ ညနေ (၆းဝ၀ - ၇းဝ၀) အချိန်တွင် မြဝတီရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသောကြောင့် စောင့်မျှော်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဆက်သွယ်ရန် -
ဒေါ်စိုးယုဝေ (ဝ၉၅၁၅၈၈၃၈)
ဦးချမ်းလင်းသူ (ဝ၉၅၁၇၄၈၈၇)
ဦးတင်ဇာနည်မောင် (ဝ၉၅၄၀၄၀ဝ၇)
ဦးစိုးသူရ (ဝ၉၅၀၂၉၂၆၄)
ဒေါ်သိန်းယုဝေ (ဝ၉၈၆၀၁၈၅၄)
ဦးဇော်မိုးဝင်း (ဝ၉၂၅၀၆၄၁၀၉၃)
ရုံး (ဝ၁-၃၉၃၁၀၂၊ ၃၉၂၀၉၉