MUM2017 Update News

Miss Universe Myanmar 2017 ၏ Official Mobile Contents Partners ဖြစ်သော Contents Hub Services Co.,Ltd မှ ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ်များ၏ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများ၊ နေ့စဉ်သက်ဝင်လှုပ်ရှားမှုပုံရိပ်များနှင့် အခြားစိတ်ဝင်စားဖွယ် မှတ်တမ်း Video များကို ရိုက်ကူးထုတ်လွှင့်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။

အထက်ပါဝန်ဆောင်မှုအား မြန်မာ့ဆက်သွယ်ရေး၏ GSM နှင့် CDMA မိုဘိုင်းဖုန်းအသုံးပြုသူများအားလုံး  ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၀န်ဆောင်ခအနေဖြင့် စတင်စာရင်းပေးသွင်းခ ၅၂၅ ကျပ် (ပထမတစ်ကြိမ်သာ) နှင့် Video တစ်ဖိုင်လျှင် ၂၁၀ ကျပ် ကျသင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် Video ဖိုင် ၅ ဖိုင်အား ရိုက်ကူးထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။

Miss Universe Myanmar 2017 ၏ သတင်းအချက်အလက်များကို ရယူနိုင်ရန်အတွက် *8406*1*12# ကို ဖုန်းခေါ်ဆိုနိုင်ပြီး (သို့မဟုတ်) 8405 နံပါတ်သို့ MUM ဟု SMS ပေးပို့နိုင်ပါသည်။