National Gifts Auction 2019

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် မိမိကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်အလှမယ်များ၏ အမှတ်တစ်ရလက်ဆောင်ပစ္စည်းများအား ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မယ်စကြာဝဠာမြန်မာပြိုင်ပွဲဝင် အလှမယ်များမှ မိမိတို့ကိုယ်စားပြုရာ မြို့ ၊ ဒေသနှင့် လူမျိုးအလိုက် သက်ဆိုင်ရာ အမှတ်တစ်ရ လက်ဆောင်ပစ္စည်းများအား လူမှုရေး လှုပ်ရှားမှုလုပ်ငန်းများတွင် ရန်ပုံငွေ မြှင့်တင်ပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။ အမှတ်တစ်ရလက်ဆောင် ပစ္စည်းများအား Miss Universe Myanmar Facebook Page တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှု ၀ယ်ယူနိုင်သည့်အပြင် ဈေးပြိုင်အောင်မြင်သူများထံသို့ အလှမယ်များမှ ကိုယ်တိုင်လာ ရောက် ပေးအပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် (13-5-2019) ရက်နေ့တွင် ကော့သောင်းမြို့  သူဌေးကျွန်း၊ Grand Andaman Hotel တွင်လည်း အမှတ်တစ်ရ လက်ဆောင်ပစ္စည်းများအား ဈေးပြိုင်စနစ်ဖြင့် ပျော်ရွှင်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။

National Gift များအား ၀ယ်ယူအားပေးကြသူများကိုလည်း သက်ဆိုင်ရာအလှမယ်များနှင့်အတူ အမှတ်တစ်ရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပြီး Miss Universe Myanmar Facebook Page တွင် ဂုဏ်ယူစွာဖြင့် ဖော်ပြကြေညာပေးသွားမည် ဖြစ်ပါသည်။