Sponsors and Partners 2019

(၇) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မယ်စကြာင်္ဝဠာပြိုင်ပွဲကြီးတွင် ပါဝင်ပံ့ပိုးပေးကြသည့် ကုမ္ပဏီကြီးများအား ကျေးဇူးတင်လျက်ရှိပြီး ဂုဏ်ယူစွာ ဖော်ပြလိုက်ပါသည်။

မိမိတို့၏လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း Miss Universe Myanmar Organization မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 

Platinum Sponsor

(၇)ကြိမ်မြောက်ကျင်းပပြုလုပ်မည့် မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးတွင် Platinum Sponsor အဖြစ် မြန်မာနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော မြတ်မေတ္တာမွန်ကုမ္ပဏီလီမိတက်မှ ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပါသည်။

Gold Sponsor

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် Gold Sponsor အဖြစ် Royal Sportertainment Complex မှ ပါဝင်ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။

Official Crown Sponsor

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးအား ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီပေးထားသည့်အပြင် ပြိုင်ပွဲကြီး၏ အရေးပါဆုံး အခန်းကဏ္ဍတစ်ခုဖြစ်သည့် အနိုင်ရရှိမည့် နောက်ဆုံးဆန်ခါတင် အလှမယ်(၅)ဦး၏ အလှပဆုံးသရဖူများအား နိုင်ငံတကာ အဆင့်မီ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် Forever Gems By Shwe Nan Taw မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပါသည်။ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်သည် ကမ္ဘာ့ အဆင့်မီ လက်ဝတ်ရတနာဒီဇိုင်းများအား ထုတ်လုပ်ရောင်းချပေးနေသော နိုင်ငံကျော် လက်ဝတ်ရတနာလုပ်ငန်းတစ်ခုဖြစ်ပါသည်။

Official Mobile Partner

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် Auto Mobile Partner အဖြစ် International Premium Brand တစ်ခုဖြစ်သော GAC Group မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပါသည်။ GAC Group မှ ယခုနှစ် ကျင်းပပြုလုပ်မည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် အနိုင်ရရှိမည့် နောက်ဆုံးဆန်ခါတင်အလှမယ် (၅)ဦးအား GAC GS-3 Latest Model ကားအား Official အခမ်းအနားများတွင် တစ်နှစ်တာအသုံးပြုခွင့် ပေးအပ်သွားမှာဖြစ်ပါတယ်။ GAC Group သည် တရုတ်နိုင်ငံတွင် Toyota, Honda, Mitsubishi, Jeep, Fiat နှင့် Hino အစရှိသော နိုင်ငံတကာအမှတ်တံဆိပ်ကားများနှင့် အကျိုးတူပူးပေါင်းကာ ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး အချိန်တိုအတွင်း ကားအစီးရေ (၂)သန်းကျော်အား ထုတ်လုပ်ရောင်းချပြီးဖြစ်ပါသည်။ GAC ကားများသည် အရည်အသွေးကိုစစ်ဆေးသော J.D Power ၏ တရုတ်နိုင်ငံထုတ်ကားများတွင် နှစ်စဉ် အဆင့်(၁)ရရှိထားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး လုံခြုံစိတ်ချမှုကိုစစ်ဆေးသော CN-CAP ၏အမြင့်ဆုံးအဆင့်ဖြစ်သည့် ကြယ်ငါးပွင့်အဆင့်ကိုရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Official Venue Partner

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးအား ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ရေးအတွက် Venue Partner အဖြစ် Global အမှတ်တံဆိပ်တစ်ခုဖြစ်သော 5 Star အဆင့်ရှိ Novotel Hotel &Resorts Yangon Max မှဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ Novotel Hotel & Resorts Yangon Max သည် Miss Universe Myanmar 2019 ၏ စာနယ်ဇင်းမိတ်ဆက်ပွဲနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးတို့အား ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ရေးအတွက် Venue Partner အဖြစ် ပံ့ပိုးကူညီ ပေးထားခြင်းဖြစ်ပါသည်။

Medical Partner

(၇)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် Medical Partner အဖြစ် Yangon International Medical Services Co.,Ltd နှင့် Bumrungrad International Hospital ၊ Bumrungrad Clinic Yangon တို့မှ ဂုဏ်ယူစွာဖြင့် ပံ့ပိုးပေးထားသည့်အပြင် ပြိုင်ပွဲကြီးတွင် အနိုင်ရရှိမည့် Miss Universe Myanmar 2019 Winner အား အမေရိကန်ဒေါ်လာ (၃၈၈၀) တန်ဖိုးရှိ ကျန်းမာရေးစစ်ဆေးမှု Package ကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Venue Sponsor

Miss Universe Myanmar 2019 ပြိုင်ပွဲကြီး၏ National Costume Competition (အမျိုးသားဝတ်စုံပြိုင်ပွဲ)အား ခမ်းနားစွာကျင်းပနိုင်ရေးအတွက် Gandamar Grand Ballroom မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Activities & Trip Partner

  

ပြိုင်ပွဲဝင်များ၏ တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်မည့်ခရီးစဉ်များအတွက် ကော့သောင်းမြို့ သူဌေးကျွန်းရှိ Grand Andaman Hotel & Resort မှ Activities & Trip Partner အဖြစ် ပံ့ပိုးကူညီပေးထားသည့်အပြင် ထားဝယ်မြို့ ရှိ ပုလဲဧကရီဟိုတယ်သို့ သွားရောက်ကာ ဒေသခံများနှင့် မိတ်ဆက်ခြင်း၊ အနီးပတ်ဝန်းကျင်တ၀ိုက် လေ့လာလည်ပတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး Grand Andaman Hotel & Resort တွင် ပြိုင်ပွဲဝင်များ၏ Talent Show နှင့် Swimsuit Presentation တို့အား
ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။

(၇)ကြိမ်မြောက်ပြုလုပ်ကျင်းပမည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီး၏ Activities ခရီးစဉ်များအတွင်း Activities Partner အဖြစ် မြိတ်မြို့  ရှိ ကျွန်းဘုရင်လေးကျွန်း ပင်လယ်ပြင်အပန်းဖြေစခန်း (King Island Lay Kyunn Ocean Beach) မှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

Silver Sponsor

      

(၇)ကြိမ်မြောက်ပြုလုပ်ကျင်းပသည့် မယ်စကြာဝဠာမြန်မာ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားနှင့် နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးတို့တွင် ပြိုင်ပွဲဝင်များအတွက် အလှပဆုံးမိတ်ကပ်လိမ်းခြယ်ခြင်းအား International Brand တစ်ခုဖြစ်သော Bsc Cosmetology မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး Bsc Professional Makeup Artist များမှလည်း ပြိုင်ပွဲဝင်များအား အလှပဆုံး မိတ်ကပ်လိမ်းခြယ်နည်းများကို သင်ကြားပြသပေးခဲ့ပါသည်။

ပြိုင်ပွဲဝင်များ၏ အဓိကလိုအပ်သော Swim Wear များနှင့် ဖိနပ်များအား Bsc Streamline နှင့် Bsc Shoes တို့မှလည်း အဓိက ပါဝင်ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပါသည်။

Official Broadcasting Partner

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးအား MRTV Entertainment Free To Air TV Channel မှ Official Broadcasting Partner အဖြစ် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့် ပေးသွားမည်ဖြစ်ပါသည်။ MRTV Entertainment TV Channel အား Digital TV များတွင် Auto ဖမ်းယူကြည့်ရှုနိုင်ပြီး SKY Net TV Channel များတွင်လည်း ဖမ်းယူကြည့်ရှုနိုင်ပါသည်။ ပြိုင်ပွဲဝင်များ၏ အကြိုလှုပ်ရှားမှုများကိုလည်း TV အစီအစဉ်များအဖြစ် ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပြီး MRTV Entertainment Facebook Page တွင်လည်း
တိုက်ရိုက် (Live) ရိုက်ကူး ပြသသွားမှာဖြစ်ပါသည်။

Miss Universe Myanmar 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးအား (၃၁-၅-၂၀၁၉)ရက်နေ့တွင် Novotel Hotel Grand Ballroom တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MRTV Entertainment TV Channel နှင့် Myanmar Celebrity Online Media တို့တွင် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။

Official Online Media Partner

Miss Universe Myanmar 2019 ပြိုင်ပွဲကြီး အကြိုပြိုင်ပွဲများ၊ လူမှုရေးလှုပ်ရှားမှုများနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးတို့အား ပြိုင်ပွဲတစ်လျှောက် Facebook Live Streaming နှင့် သတင်းတို ရိုက်ကူးထုတ်လွှင့်မှုများကို Official Media Partner အဖြစ် Myanmar Celebrity Online Media မှ ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ပြီး Myanmar Celebrity Page နှင့် Miss Universe Myanmar Facebook Page များတွင်လည်း တင်ဆက်ထုတ်လွှင့်သွားမှာ ဖြစ်ပါသည်။

Miss Universe Myanmar 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးအား (၃၁-၅-၂၀၁၉) ရက်နေ့တွင် Novotel Hotel Grand Ballroom တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MRTV Entertainment TV Channel နှင့် Myanmar Celebrity Online Media တို့တွင် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

Voting & SMS Partner

  

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးကို Voting & SMS Partner အဖြစ် One Smart Star Myanmar မှ Star Phone Application မှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။ Star Phone Application သည် Israel နည်းပညာတစ်ခုဖြစ်သော Unified Communication Platform တစ်ခုဖြစ်ပြီး မိမိ၏ Business နှင့် Customer များအကြား ဆက်သွယ်နိုင်သော Communication Channel မျိုးစုံကို တစ်စုတစ်စည်းတည်း Star Phone Platform ပေါ်တွင် အသုံးပြုဆက်သွယ် နိုင်မည်ဖြစ်ပါသည်။ Star Phone Application သည် (* Number ) နှင့်တွဲဖက် အသုံးပြုနိုင်မှာဖြစ်ပြီး ပုံမှန်အသုံးပြုနေကြသော Long Code Phone Number အစား မှတ်ရလွယ်ကူသော Star Number (3 Digit, 4 Digit) နံပါတ်များကို အစားထိုး အသုံးပြုနိုင်မှာဖြစ်ပါသည်။ Star Phone Application အား မိမိလုပ်ငန်း၏ Branding, Marketing နှင့် Engagement Tool အဖြစ် အသုံးပြုနိုင်ရုံသာမက Miss Universe Myanmar ကဲ့သို့ အလှမယ်ပြိုင်ပွဲများတွင် Voting Tool အဖြစ်လည်း အသုံးပြုနိုင်ပါသည်။

Media Partner

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးအား Media Partner အဖြစ် Myanmar Media 7 မှ ပံ့ပိုးပေးထားသည့်အပြင် လိုအပ်သော Outdoor Advertising လုပ်ငန်းများအား ခင်မင်ရင်းနှီးစွာဖြင့် ပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။

Makeup Artist

Miss Universe Myanmar 2019 ပြိုင်ပွဲဝင်များ၏ အလှဓါတ်ပုံရိုက်ကူးမှုများ၊ လူမှုရေးလှုပ်ရှားမှုများနှင့် Activities များတွင် မိတ်ကပ်/ဆံပင် အလှဖန်တီးမှုများအား မိတ်ကပ် NK Aung Sha နှင့်အဖွဲ့ မှ ကူညီပေးသွားမှာဖြစ်ပါသည်။

Official Photographers

  

Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတစ်လျှောက် အလှဓါတ်ပုံရိုက်ကူးမှုများ၊ လူမှုရေးလှုပ်ရှားမှုပုံရိပ်များ၊ အခြားမှတ်တမ်းတင်ရိုက်ကူးမှုများအား Official Photographer များအဖြစ် ဓါတ်ပုံ ဖြိုးမင်းဇော် (Studio D Invictus) နှင့် Kingsman Photo Club တို့မှ တာဝန်ယူ ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။

Dress Sponsor

Miss Universe Myanmar 2019 ပြိုင်ပွဲဝင်များ၏ စာနယ်ဇင်းမိတ်ဆက်ပွဲ နှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲ၏ Opening Round တွင် ၀တ်ဆင်မည့် အလှပဆုံး ၀တ်စုံများအား BKK Silk & Lace မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပါသည်။

Dress Designer

Miss Universe Myanmar 2019 ပြိုင်ပွဲဝင်များ၏ စာနယ်ဇင်းမိတ်ဆက်ပွဲ နှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲ Opening Round တွင် ၀တ်ဆင်မည့် အလှပဆုံး ၀တ်စုံများအား နိုင်ငံကျော်ဒီဇိုင်နာ လဇိန်ဂမ်ထွဲမှ အလှပဆုံး ဖန်တီး ချုပ်လုပ်ပေးသွားမည်ဖြစ်ပါသည်။

Activities Partner

(၇)ကြိမ်မြောက်ပြုလုပ်ကျင်းပမည့် Miss Universe Myanmar 2019 ပြိုင်ပွဲကြီး၏ Activities ခရီးစဉ်များအတွင်း Activities Partner အဖြစ် မြိတ်မြို့  ရှိ ကျွန်းဘုရင်လေးကျွန်း ပင်လယ်ပြင်အပန်းဖြေစခန်း (King Island Lay Kyunn Ocean Beach) မှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

အဆိုပါခရီးစဉ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ရိုးရာဓလေ့များလေ့လာခြင်းများအတွက် ဆလုံရွာများသို့ သွားရောက်ကာ ရိုးရာဓလေ့များအား လေ့လာခြင်း၊ ဒီရေတောများထိန်းသိမ်းခြင်းအတွက် ပါဝင်လှုပ်ရှားခြင်းနှင့် မလိငှက်သိုက်သို့ သွားရောက်လေ့လာခြင်း၊ သန္တာကျောက်တန်းနှင့် ပင်လယ်ပြင် သဘာဝအလှအပများအား ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။