Volunteer Activities of Misses

Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၊ 1st runner up ယွန်းမှီမှီကျော်၊ 2nd runner up ရွှေစင်ကိုကို နှင့် Miss Attractive ပိုးကြာဖြူ တို့သည် ၂၆.၈.၁၄ ရက်နေ့ နေ့လည် ၂:၀၀ နာရီ တွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနရှိ ကလေးငယ်များထံသို့သွားရောက်ပြီး အသီးအနှံကျွေးခြင်း၊ ကလေးငယ်များနှင့်ကစားခြင်းများကို သွားရောက် လုပ်ဆောင်ကြမည်ဖြစ်ပါသည်။ မိမိတို့ အားပေးချစ်ခင်နှစ်သက်သော အလှမယ်များနှင့် အတူ လူမှုရေးလုပ်ငန်းများ လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။